စလိုက်ဒေါင်း ၂၅% ဒဗလျူဒီဂျီ

စလိုက်ဒေါင်း ၂၅%ဒဗလျူဒီဂျီ (Slice Down 25% WDG)
  • စုပ်စားပိုးအများစုကို ဆေးနှုန်းထားအနည်းငယ်သုံးရုံဖြင့်ထိရောက်စွာနှိမ်နင်းနိုင်ခြင်း
    (Effective controlable to many kind of sucking pests with little dose)
Active Ingredient Formulation AI%
Thiamethoxam 25% WDG 25%
သီးနှံဖျက်ပိုးဂရမ် / ရေ ၂၀လီတာနှုန်းထား (ဂရမ်/ဧက)မခူးဆွတ်မီစောင့်ဆိုင်းရမည့်ကာလ (ရက်)
ပဲမျိုးစုံပျ၊ ဖြုတ်၊ လှေးပိုး၊ ပဲဂျပိုးစိမ်း၇-၁၀၃၅-၅၀၂၁
သရက်ဖြုတ်၊ အကြေးပိုး၇-၁၀၃၅-၅၀၂၁
ဟင်းသီးဟင်းရွက်ပျပိုး ၊ ပျ၊ သီးလုံးဖောက်၊ ငမြှောင်တောင်၇-၁၀၃၅-၅၀၂၁
အာလူး၊ ခရမ်းချဥ်ကော်လိုရာဒိုကျိုင်း၊ သီးလုံးဖောက်၊ ပျ၇-၁၀၃၅-၅၀၂၁
ဝါပျ၊ ဖြုတ်စိမ်း၊ မွှားပင့်ကူ၊ လှေးပိုး၊ သီးလုံးဖောက်ပိုး၇-၁၀၃၅-၅၀၂၁
စပါးဆစ်ပိုး၊ ဖြုတ်ပိုး၇-၁၀၃၅-၅၀၂၁

သီးနှံတစ်ရာသီတွင်ပက်ဖျန်းကြိမ် (၃-၅)ကြိမ်။

ဆေးဖျန်းခြားရက် (၇-၁၀)ရက်

သုံးစွဲရန်အညွှန်း

အညွှန်းစာတွင်ပါဝင်သည့် ထောက်ခံနှုန်းများအတိုင်းသာသုံးစွဲပါ။ ဆေးဖျော်စပ်ရာတွင် ဆေးဖျန်းပုံးထဲသို့ သုံးစွဲရမည့် ရေပမာဏ တစ်ဝက်ခန့်ထည့်၍ စလိုက်ဒေါင်းဆေးမှုန့်အား ထည့်ရန်၊ ထို့နောက် ထပ်မံလိုအပ်သည့် ရေပမာဏအားထည့်၍ ဆေးနှင့် ရောသမသည်အထိ မွှေပါ။

ပိုးသတ်ဆေး အန္တရာယ် ကြိုတင်ကာကွယ်ခြင်း

ပါးစပ်၊ မျက်စိ၊ နှာခေါင်း၊ အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တွယ်စဥ်ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မီ မျက်နာနှင့်လက်များကို ဆပ်ပြာသုံ၍ ဆေးကြောပါ၊ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍ အဝတ်လဲပါ။

အခြားသက်ရှိများအား အဆိပ်သင့်မှု

ငါးနှင့် ရေနေသတ္တဝါများအားအဆိပ်ဖြစ်စေသည်။

ရှေးဦးသူနာပြုစုကုသနည်း

အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသော နေရာတွင်ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်းဆေးဝင်လျှင်ရေကောင်းရေသန့်များဖြင့်ဆေးကြောပါ။ အဝတ်အစားအားဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အားရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင် လူနာအား ဆရာဝန်ထံ ချက်ချင်းပို့ပြီး ‌ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အော့အန်အောင်မလုပ်ရ။

ဆရာဝန်များအတွက် အညွှန်း

တိကျသောဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ကင်လွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်းရေမြောင်းများ အတွင်းမစွန့်ပစ်ရ။ ဖျက်စီး၍ မြေမြုပ်ပစ်ပါ။ ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။