အောလ်ဂွတ် သီးနှံစုံအာဟာရဖြည့် ရွက်ဖျန်းမြေသြဇာအရည်

  • မြေအမျိုးအစားမရွေး၊ရာသီမရွေး၊သီးနှံမရွေး အသုံးပြုနိုင်ခြင်း။ (Utilization in every soil,every season and every crops)
  • သီးနှံအရည်အသွေးကို ထူးထူးခြားခြားကောင်းမွန်စေခြင်း။ (Promote the crop’s quality especially)
  • ဆေးလောင်ကျွမ်းမှု ကို ဖြေရှင်းပေးနိုင်ခြင်း။ (Solving the case of burning )
  • အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲနိုင်ခြင်း။ (Can use together with other products)
သီးနှံအမည်ဆေးပတ်ဖျန်းသုံးစွဲနည်း
ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ ပဲစဥ်းငုံ၊ ကုလားပဲ၊ စကားတော်ပဲ နှင့် ပဲမျိုးစုံအပင် (၁၅)ရက်သားမှ စတင်၍ ရိတ်သိမ်းခါနီးအထိ (၁၀)ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။
စပါးပင်ပွားထွက်ချိန်မှ စတင်၍ ရင်မှည့်ချိန်အထိ (၁၅) ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။ စကားမှို့ကပ်ချိန် အမိအရ ပတ်ဖျန်းပေးပါ။
ဂျုံ၊ ပြောင်း၊ ကြံအပင်(၁၅) ရက်သားမှ စတင်၍ ရိတ်သိမ်းခါနီးအထိ (၁၀) ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။
ဂေါ်ဘီ၊ ပန်းမုံလာ၊ နံနံပင်နှင့် ဟင်းသီးဟင်းရွက်များအပင် (၂၀)ရက်သားမှစတင်၍ ခူးဆွတ်ခါနီးအထိ (၇) ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။
ခရမ်း၊ ခရမ်းချဉ်ပြောင်းရွှေ့မစိုက်မီ (၃)ရက်အလိုတွင် (၁)ကြိမ်၊ စိုက်ပြီးချိန်မှ စ၍ အပင်သက်တမ်းတစ်လျောက် (၇)ရက်ခြားတစ်ကြိမ် ပတ်ဖျန်းပါ။
ကြက်သွန်နီ/ဖြူ အာလူးအပင်သက်(၁၅-၂၀)မှ စ၍ မတူးဖော်မီ (၅)ရက်အလိုထိ (၁၀)ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။
သံပုရာ၊ ရှောက်၊ လိမ္မော်အပင်ငယ်စဥ်မှစ၍ (၁၅)ရက်တစ်ကြိမ်ပတ်ဖျန်းပါ။
ဂန္ဓမာ၊ နှင်းဆီနှင့် ပန်းမာလ်များအပင်ငယ်(၂၀)ရက်သားမှစ၍ (၁၀)ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။ ပန်းစပွင့်ချိန်တွင် အမိအရ ထပ်မံပတ်ဖျန်းပါ။

ရေ (၄)ဂါလံတွင် ရောစပ်ရမည့်နှုန်းထား = (၁၅စီစီ-၂၅စီစီ)