ရွှေမင်္ဂလာ ကယ်လ်မက်

ရွှေမင်္ဂလာ ကယ်လ်မက် (Ca 160+Mg 10+TE+OM) ကယ်လ်စီယမ်ဓါတ်ဖြည့်အားဆေးရည်
Shwe Mingalar Calmag , Calcium suppliment foliar fertilizer
  • အမြစ်၊ ပင်စည်၊ အရွက်၊ အကိုင်းများ၏ ဆဲလ်နံရံကို ထူထဲစေ၍ ကျန်းမာကြံ့ခိုင်စေခြင်း (Healthy and strengthen to root, stem, leaf and brunches by thickening of cell wall)
  • ကယ်လ်စီယမ်ချို့တဲ့မှုကြောင့် ဖြစ်သည့် အပင်ပုခြင်း၊ အသီးခါးခြင်း၊ အသီးထိပ်ဖျားပုပ်ခြင်း တို့ကိုကာကွယ်ပေးခြင်း (Protection to plant stunting, bitter fruits, fruit end rot by calcium deficiency)
သီးနှံအမည်ရေ(၁)ဂါလံတွင် ရောစပ်ရမည့်နှုန်းထားပတ်ဖျန်းအသုံးပြုရမည့်အချိန်(၁)ဧက နှုန်းထား
ဟင်သီးဟင်းရွက်များ(၅-၇.၅)စီစီရာသီတစ်လျောက်လုံး ( ၇-၁၀ ) ခြာတစ်ကြိမ်၁၀၀-၁၅၀ စီစီ
မြေပဲ(၅-၁၀) စီစီမြေပဲစွယ်မဆင်းမီ၁၀၀-၂၀၀ စီစီ
ဖရဲ၊ သခွား၊ သခွားမွှေး(၅-၇.၅) စီစီပန်းပွင့်ချိန်/သီးကင်းဝင်ချိန်၁၀၀-၁၅၀ စီစီ
ရှောက်၊ သံပုရာ၊ လိမ္မော်၊ စပျစ်၊ အခြားသစ်သီးပင်များ(၅-၁၀) စီစီအသီးသီးချိန်ကာလတစ်လျှောက် (၇-၁၀) ရက်ခြားတစ်ကြိမ်၁၀၀-၂၀၀ စီစီ
ခရမ်းချဥ်(၅-၇.၅)စီစီအဖူးပွင့်စဝင်ချိန်နှင့် အသီးခူးပြီးတိုင်း၁၀၀-၁၅၀စီစီ
သီးနှံမျိုးစုံ(၅-၁၀)စီစီကယ်လ်စီယမ်(ထုံးဓာတ်)ဖြည့်တင်းရန်လိုအပ်ချိန်၁၀၀-၂၀၀ စီစီ

ရေ(၄) ဂါလန်ဆေးဖျန်းပုံး (၁)ပုံးလျှင် (၂၀-၄၀)စီစီ ရောစပ်ပတ်ဖျန်းပါ။

ကယ်လ်စီယမ်နှင့် မဂ္ဂနီယမ်ဓာတ်များသည် အော်ဂဲနစ်မော်လီကျူးများအနေဖြင့် စုပ်ယူစားသုံးမှု နှစ်ဆပိုမိုကောင်းမွန်သဖြင့် သီးနှံပင်၏ အရွက်၊ မြစ်မွှာများနှင့် အမြစ်ထိပ်များမှ လွယ်ကူစွာ စုပ်ယူနိုင်သည်။ ကယ်လ်စီယမ်ဓာတ်များကို သီးနှံပင်၏ အင်္ဂါအစိတ်အပိုင်းအသီးသီးသို့ အစာရေကြောစီးပြွန်ငယ်များမှ လျှင်မြန်စွာ စိမ့်ဝင် ပို့ဆောင်နိုင်သဖြင့် အမြစ်၊ ပင်စည်၊ အရွက်နှင့်  အပွင့်အသီးများကို ပိုမိုကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေပါသည်။ ဆဲလ်နံရံများ ကြံ့ခိုင်တောင့်တင်း၍ သီးနှံ သိုလှောင်ရာတွင် တာရှည်ခံပြီး ခရီးဝေးတင်ပို့ရာတွင် ထိခိုက်ပျက်စီးမှုဒဏ်ခံနိုင်ရည်ရှိစေသည်။

ရွှေမင်္ဂလာကယ်လ်မက်၏ အကျိုးအာနိသင်

  • အပင်ငယ်စဥ်ပတ်ဖျန်းပါက ကယ်လ်စီယမ်ချို့တဲ့မှုကို ကာကွယ်ပေးပါသည်။
  • သီးနှံပင်၏ အမြစ်ပင်စည် ပွင့်ကိုင်းသီးကိုင်း အစိတ်အပိုင်းများ ကျန်းမာစေ၍ ရောဂါဒဏ်ခံနိုင်ရည်ရှိမှုကို တိုတက်ကောင်းမွန်စေသည်။
  • ကယ်လ်စီယမ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာသော အပင်ပုခြင်း၊ ကြီးထွားရမည့် အစိတ်အပိုင်းများ သေးငယ်ကြုံလှီခြင်း၊ ခါးသောအရသာထွက်ခြင်း၊ သီးဖျားများပုပ်ခြင်း၊ ထိပ်ဖျားပုပ်ခြင်း၊ ထိပ်ဖျားခြောက်ခြင်း၊ အရွက်သစ်များသေးငယ်ခြင်းလက္ခဏာမှ ကာကွယ်ပေးပါသည်။
  • အထွက်နှုန်းကောင်း၍ အစေ့အဆံပြည့်ဝပြီး အလေးချိန်စီးစေပါသည်။
  • ကယ်လ်စီယမ်ချို့တဲ့မှုကြောင့်ဖြစ်သော ခရမ်းချဥ်ဖင်ဖဲရောဂါကို ကာကွယ်ပေးပါသည်။