ရွှေမင်္ဂလာ ရှယ်သီးစူပါ

ရွှေမင်္ဂလာ ရှယ်သီးစူပါ (0:400:440 + TE )

Shwe Mingalar Shal Thee Super 0:400:440 +TE

  • သီးနှံပင်၏အာဟာရဓါတ်လိုအပ်ချက်အများအပြားကို လျင်မြန်စွာဖြည့်ဆည်းနိုင်ခြင်း (Supplying the numerous nutrient requirement of crop)
  • အသီးတင်မှု အထူးကောင်းမွန်စေခြင်း (Excellence fruit setting)
  • သီးနှံအရည်အသွေးကို မြင့်မားစေ၍ ရင့်မှည်မှုညီညာစေခြင်း (Promote crop quality and mature simultaneously)
သီးနှံအမည်ရေ(၁)ဂါလံတွင်ရောစပ်ရမည့်နှုန်းထားပတ်ဖျန်းအသုံးပြုရမည့်အချိန်( ၁ ) ဧက နှုန်းထား
ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ နှင့် ပဲမျိုးစုံ( ၇.၅ – ၁၀ ) စီစီအဖူးပွင့် ဝင်ချိန်မှစ၍ ( ၇ – ၁၀ ) ရက်ခြား ( ၁ ) ကြိမ်၁၅၀ – ၂၀၀
မြေပဲ( ၇.၅ – ၁၀ ) စီစီပန်းစပွင့်ချိန၁၅၀ – ၂၀၀
ဖရဲ၊ သခွား၊ သခွားမွှေး၊ ခရမ်းချဥ်၊ ခရမ်း၊ ငရုတ်( ၇.၅ – ၁၀ ) စီစီပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ သီးကင်းဝင်ချိန်၊ အသီးတင်ချိန်၁၅၀ – ၂၀၀
ဂေါ်ဘီ၊ ပန်းမုံလာနှင့် ဟင်းသီးဟင်းရွက်များ( ၁၀ ) စီစီသီးနှံရာသီတစ်လျောက်လုံး ( ၇ – ၁၀ )ရက်ခြား ( ၁ ) ကြိမ်( ၂၀၀ ) စီစီ
သံပုရာ၊ ရှောက်၊ လိမ္မော်၊ စပျစ်( ၁၀ – ၁၅ )စီစီသီးကင်းဝင်ချိန်၊ အသီးတင်ချိန်၂၀၀ – ၃၀၀ စီစီ
ကြက်သွန်နီ / ဖြူ ၊ အာလူး( ၁၀ ) စီစီဥဆင်းစအချိန်မှစ၍ ( ၇ – ၁၀ ) ရက်ခြားတစ်ကြိမ်( ၂၀၀ ) စီစီ
ဂန္ဓမာ၊ နှင်းဆီနှင့် ပန်းမာလ်များ( ၁၀ ) စီစီပွင့်ဖူးဆင်ချိန်မှစ၍ ( ၇ – ၁၀ ) ရက်ခြား ( ၁ ) ကြိမ်( ၂၀၀ ) စီစီ
စပါး၊ ဂျုံ( ၁၀ – ၁၅ ) စီစီအပင်လှန်ချိန်၊ အပင်ပွားစည်းချိန်၊ မှို့ကပ်ချိန်၂၀၀ -၃၀၀ စီစီ

သေးငယ်သော မော်လီကျူးလေးများဖြင့် ဖွဲ့စည်းထားသည့် ဖော့စဖိတ်နှင့် ပိုတက်စီယမ်များကို အနည်းလို အာဟာရ ဓာတ်မျာနှင့်အတူ အလွယ်တကူ စုပ်ယူစားသုံးနိုင်သည့် ပုံစံဖြင့် ထုတ်လုပ်ထားသည်။ မသင့်တင့်သော အာဟာရဓာတ်များကို ဖယ်ရှားပြီး အချိန်တိုတိုနှင့် အများအပြားစုပ်ယူစားသုံးနိုင်သည့် အကျိုးကျေးဇူးများရရှိစေပါသည်။ ကလိုရင်းဓာတ်မပါဝင်သဖြင့် မြေဆီလွှာ အချဥ်ပေါက်ခြင်း၊ ဆပ်ပြာပေါက်ခြင်းများ မဖြစ်စေပါ။

ရွှေမင်္ဂလာရှယ်သီး၏ အကျိုးအာနိသင်

  • အပင်ငယ်စဥ်မှစ၍ သက်တမ်းတစ်လျှောက် ပတ်ဖျန်းခြင်းဖြင့် အမြစ်ဖွဲ့စည့်းပုံ ကောင်းမွန်၍ ရာသီဥတုဆိုးရွားသည့်ဒဏ်ကိုခံနိုင်ပြီး မိုးခေါင်ခြင်း၊ ရေငတ်ခြင်း၊ အပူချိန်များခြင်းနှင့် ရောဂါဆိုးရွားစွာကျရောက်မှုဒဏ်ကြံ့ကြံ့ခံနိုင်စေပါသည်။
  • သီးနှံပင်၏ မျိုးပွားပိုင်းဆိုင်ရာ အစိတ်အပိုင်းများ ပိုမိုကောင်းမွန်လာစေသဖြင့် အသီးအပွင့်ကြွေမှုနည်းပါးပြီး အသီးတင်မှုကောင်းစေပါသည်။
  • အဖူးပွင့်များစေပြီး အပွင့်မှ အသီး / အတောင့် / ဥများအဖြစ် ပြောင်းလဲမှု မြန်ဆန်စေ၍ အသီးတင်မှု အားကောင်းစေပါသည်။ ရင့်မှည့်မှုစောစေပါသည်။
  • အထွက်နှုန်းကောင်း၍ အစေ့အဆံပြည့်ဝပြီး အလေးချိန်စီးစေပါသည်။
  • အသီး/ အတောင့်/ ဥ ပန်းပွင့်များ အရောင်လှပ၍ အရည်အသွေးမြင့်မားစေပါသည်။
  • သယ်ယူပို့‌ဆောင်ရာတွင့် ခံနိုင်ရည်ရှိစေ၍ အလေအလွင့်နည်းပါးပြီး သိမ်းဆည်းသိုမှီးရာတွင်လည်း ကြရှည်အထားခံပါသည်။
  • စပါးပင်တွင်ကြိုတင်ပတ်ဖြန်းထားပါက နိုတိုရောဂါကျရောက်မှု ကာကွယ်နိုင်ပြီး စပါးပင် မှို့မကပ်မီ အမိအရ ပတ်ဖျန်းနိုင်ပါက အဖျင်းနည်းပြီး အဆံပြည့်ဝ၍ ကြိတ်ခွဲရာတွင် အကျိုးအကြေနည်းစေပါသည်။

သတိပြုရန်အချက်များ

ရွက်ဖျန်းအားဆေး ပတ်ဖျန်းပြီး တစ်နာရီအတွင်း မိုးရွာသွန်းပါက ထပ်မံပက်ဖျန်းပေးရန်လိုအပ်ပါသည်။ အခြားပိုးသတ်ဆေး၊ ရောဂါသတ်ဆေးများနှင့် ရောစပ်ပတ်ဖျန်းနိုင်ပါသည်။ မည့်သည့်အချိန်မဆို ပတ်ဖျန်းနိုင်ပြီး နံနက် စောစော ပတ်ဖျန်းပါက ဆေးအာနိသင် ပိုမိုထိ‌ရောက်ပါသည်။

ရေ ( ၄ ) ဂါလံ ဆေးဖျန်းပုံး တစ်ပုံးလျှင် ( ၃၀ – ၄၀ ) စီစီ ရောစပ်ပတ်ဖျန်းပါ။