မန်စီမက် ၈၀ ဒဗလျူပီ

မန်စီမက် ၈၀ ဒဗလျူပီ (MAN- C MAX 80 WP)
(ဘက်စုံသုံး ထိသေအာနိသင်ရှိ မှိုသတ်ဆေး)
  • သီးနှံမှိုရောဂါမျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ကုသပေးနိုင်သည့် ကာဘာမိတ်အုပ်စုဝင် ဘက်စုံသုံးထိသေအာနိသင်ရှိမှိုသတ်ဆေး။
    [The broad spectrum carbamate fungicide that can use for protection and curable widely in various fungal diseases.]
Active Ingredient Formulation AI%
Mancozeb 80% WP 80%
သီးနှံရောဂါဂရမ် / ဧကဂရမ် / ရေ (၂၀)လီတာဆေးဖျန်းပြီး ရိတ်သိမ်းခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ကာလ
စပါးဂုတ်ကျိုးရောဂါ၁၂၀၀၁၅၀(၁၄)ရက်
ပဲမျိုးစုံသံချေးရောဂါ၊ မှည့်ပြောက်စွန်း၊ ဒေါင်းနီးရွက်ခြောက်ရောဂါ၁၂၀၀၁၅၀(၁၄)ရက်
ငရုတ်ခါးရိရောဂါ၃၀၀ – ၃၅၀၅၀-၆၀(၁၄)ရက်
ခရမ်းချဥ်၊ အာလူးစောပင်နာကျရောဂါ၊ နှောင်းပင်နာကျရောဂါ၃၀၀ – ၃၅၀၅၀ – ၆၀(၁၄)ရက်
ကွမ်းငှက်မျက်စိ၊ ဒေါင်းမြီးကွက်ရောဂါ၁၂၀၀၁၅၀(၁၄)ရက်
ကြက်သွန်နီ၊ ကြက်သွန်ဖြူဒေါင်းနီးရွက်ခြောက်ရောဂါ၊ တောက်တဲ့ မြီးရောဂါ၁၂၀၀၁၅၀(၁၄)ရက်
စပျစ်ဒေါင်းနီးရွက်ခြောက်ရောဂါ၁၂၀၀၁၅၀(၁၄)ရက်
ရှောက်၊ သံပုရာ၊ လိမ္မော်၊ သစ်တော်သီးပင်စည်ချေးဖက်၊ အသီးညိုပုပ်၊ မီလင်နိုရောဂါ၊ ပင်ခြေပုပ်ရောဂါ၁၆၀၀၁၆၀(၁၄)ရက်
မြေပဲရွက်ခြောက်ရောဂါ၊ သံချေးရောဂါ၆၀၀ – ၉၀၀၁၀၀ – ၁၅၀(၁၄)ရက်
ပန်းမာလ်သံချေးရောဂါ၆၆၀ – ၉၆၀၁၀၀ – ၁၆၀(၁၄)ရက်
ပန်းသီးသံချေးရောဂါ၆၆၀ – ၉၆၀၁၁၀ – ၁၆၀(၁၄)ရက်

မှတ်ချက်။         ။ တစ်ဧကလျှင် (၂၀)လီတာဝင် ဆေးဖျန်းပုံး ( ၆ ) ပုံးနှုန်းဖြင့် တွက်ချက်ထားပါသည်။

ရောဂါကျရောက်မှုပေါ်မူတည်၍ ( ၇ – ၁၀ ) ရက်ခြားတစ်ကြိမ်ဖျန်းပါ။

ဆေးဖျန်းပြီး ပြန်လည်ဝင်ရောက်နိုင်သော ကာ ( ၂၄ ) နာရီ

သီးနှံတစ်ရာသီ ဆေးဖျန်းနိုင်သည့် အကြိမ်ရေ ( ၂ – ၃ ) ကြိမ်

ပိုးသတ်ဆေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း

ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တယ်စဥ် ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မှီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍အဝတ်လဲပါ။

ရှေးဦးသူနာပြုစုနည်း

အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်း ဆေးဝင်လျှင် ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားအား ဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင်လူနားအား ဆရာဝန်ထံချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲ အော့အန်အောင်မလုပ်ရ။

ဆရာဝန်များအတွက်အညွှန်း

တိကျသောဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။

အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်း၊ ရေမြောင်းများအတွင်း စွန့်မပစ်ရ၊ မီးမရှို့ရ၊ ဖျက်ဆီး၍ မြေမြုပ်ပစ်ပါ။