ဒီ ပါဝါ ၇၂ အက်စ်အယ်လ်

ဒီပါဝါ ၇၂ အက်စ်အယ်လ် (D Power 72 SL)
( 2-4 D dimethylamine 72% နှင့် Safer 60% ပါဝင်သည့် ပင်လုံးပြန့်အာနိသင်ရှိ စပါးခင်းရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။)
  • မြက်မုန်ညင်းပေါင်းများနှင့် ရွက်ပြန့်ပေါင်းများကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။
    (D Power well control the sedges and broad leaf weeds .)
  • လယ်ထဲတွင်သာမက နှစ်ရှည်ဥယျာဉ်ခြံသီးနှံပင်များတွင်လည်း အသုံးပြုနိုင်သည်။
    (D Power can be used not only paddy field but also the long term horticulcural crops.)
  • စပါးပင် လုံးဝမဝါစေပါ။
    (D Power may not be occurred the leaves of paddy change to yellow colour ie due to the present of good safner.)
Active Ingredient Formulation AI%
2-4 D dimethylamine 72%+ SL 72%
အကြောင်းအရာတိုက်ရိုက်အစေ့ချပျိုးထောင်စိုက်ခင်း
ဆေးနှုန်းထားအပင်ပေါက်ပြီး ၂၀-၃၅ ရက်ကောက်စိုက်ပြီး ၁၅ – ၂၀ ရက်
စီစီ / ဧကစီစီ / ဆေးဖျန်းပုံးစီစီ / ဧကစီစီ / ဆေးဖျန်းပုံး
၃၀၀ – ၄၂၀၆၀ – ၈၄၄၂၀ – ၄၈၀၈၄ – ၉၆

စပါးခင်းတွင်အောက်ဖော်ပြပါပေါင်းပင်များကို ပူးတွဲပါ ဆေးနှုန်းထားအတိုင်း စနစ်တကျ သုံးစွဲပါ။

ရွက်ပြန့်‌ပေါင်းများ – လယ်ပဒူ ၊ ကတောက်ဆတ်၊ ပေါင်းလေးညှင်း၊ ကြိတ်မှန်၊ ပုစွန်စာ၊ ကနဖော့ ၊ ဝက်ကျွတ်။

မြက်မုန်ညင်းမျိုးများ – မြက်မုန်ညင်းအစိမ်း၊ မြက်မုန်ညင်းအဝါ၊ မြက်ကွမ်းသီးလေး၊ ဝက်လာစသည်တို့ကို ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။

ဆေးဖျန်းနည်းစနစ်

စိုက်ခင်းတွင်ရေစပ်စပ်ထားပါ။ ဆေးဖျော်ရန် ကြည်လင်သန့်ရှင်းသော ရေကိုသုံးပါ။ ယပ်တောင်ပုံ ဆေးဖြာထွက်သည့် နော်ဇယ်ခေါင်းကိုသုံးပါ။ တစ်နေရာတည်း ဆေး (၂-၃) ကြိမ်ထပ်မဖျန်းမိပါစေနှင့် ၊ ဆေးဖျန်းပြီး ( ၃ – ၇ ) အတွင်း ရေမသွင်းပဲ ၎င်းနောက်မှ ရေပြန်သွင်းပေးရမည်။

မှတ်ချက် တစ်ဧကလျှင် ရေ ( ၂၀ ) လီတာဝင် ( ၆ ) ပုံးနှုန်းဖြင့်တွက်ချက်ထားပါသည်။

ဂျုံ၊ ပြောင်း၊ ကြံတို့တွင် ကျရောက်သော မက်စီပက်ပေါင်းပင်များ၊ မြက်ကွမ်းသီးလေး၊ ဂျိုးစကောက်၊ ဇာမဏ်ပေါင်းပင်များ၊ ဆီအုန်း၊ ရာဘာတွင် ကျရောက်သော ရွက်ပြန့်ပေါင်းပင်များနှင့် မြက်မုန်ညင်းများအတွက် တစ်ဧက ( ၃၀၀ – ၆၀၀ ) စီစီနှုန်း၊ ဆေးဖျန်းပုံးတစ်ပုံးလျှင် ( ၆၀ – ၁၂၀ ) စီစီနှုန်းဖြင့် ရောစပ်ပတ်ဖျန်းပါ။

ပိုးသတ်ဆေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း

ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တွယ်စဥ် ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မှီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍အဝတ်လဲပါ။

ရှေးဦးသူနာပြုစုနည်း

အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်း ဆေးဝင်လျှင် ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားအား ဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင်လူနားအား ဆရာဝန်ထံချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲ အော့အန်အောင်မလုပ်ရ။

ဆရာဝန်များအတွက်အညွှန်း

တိကျသောဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။

အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်း၊ ရေမြောင်းများအတွင်း စွန့်မပစ်ရ၊ မီးမရှို့ရ၊ ဖျက်ဆီး၍ မြေမြုပ်ပစ်ပါ။