အီကိုပေါင်းစတား ၁၅ အီးစီ

အီကိုပေါင်းစတား ၁၅ အီးစီ (Eco Paun Star 15 EC)
Cyhalofos butyl 15% ပါဝင်သည့် ပင်လုံးပြန့်အာနိသင်ရှိ စပါးခင်းရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။
  • နှိမ်နင်းရခက်ခဲသော ဆင်ငို၊လက်သည်းခွ၊ဒေါင်းမြီးပျံ၊ဝမ်းဘဲစာ၊မြေဇာ မြက်များကို ကောင်းစွာနှိမ်နင်းနိုင်သည်။
    (Well control the grass weeds-Elusine indica,Digitaria singuinalis,Leptochloa chinensis,Echinochloa colona,Cynodon dactylon.)
Active Ingredient Formulation AI%
Cyhalofos butyl 15% EC 15%
သီးနှံနှိမ်နင်းနိုင်သော ပေါင်းများဆေးနှုန်းထား
( စီစီ / ဧက )( စီစီ / ရေ၂၀လီတာ )
တိုက်ရိုက်အစေ့ချစပါးခင်းတစ်နှစ်ခံ မြက်မျိုးများနှင့် ဒေါင်းမြီးပျံမြက်၊ မြက်သီး၃၀၀ – ၄၀၀၅၀ – ၆၅
ရွှေ့ပြောင်းစိုက်စပါးခင်းများတစ်နှစ်ခံ မြက်မျိုးများနှင့် ဒေါင်းမြီးပျံမြက်၊ မြက်သီး၃၀၀ – ၄၀၀၅၀ – ၆၅

မှတ်ချက် – တစ်ဧကလျှင်ရေ ( ၂၀ ) လီတာဝင်ဆေးဖျန်းပုံး ( ၆ ) ပုံးနှုန်းဖြင့် တွက်ချက်ထားပါသည်။

ပက်ဖျန်းအသုံးပြုရမည့်အချိန်

တိုက်ရိုက်စိုက်ခင်းတွင် အပင်ပေါက်ပြီး ( ၁၄ – ၂၀ ) ရက်အတွင်း ပေါင်းပင်အရွက် (၂-၅ ) ရွက်ထွက်ချိန်ပက်ဖျန်းပါ။

ရွှေ့ပြောင်းစိုက်ခင်းတွင် ကောက်စိုက်ပြီး ( ၁၀ – ၁၄ ) ရက်အတွင်းပေါင်းရွက် ( ၂ – ၅ ) ရက်ထွက်ချိန်ပက်ဖျန်းပါ။

အသုံးပြုနည်း

ဆေးမဖျန်းမီ လယ်ထဲမှ  ရေကုန်စင်အောင်ထုတ်ပါ။ ဆေးဖျန်းပြီး ( ၂ – ၃ ) ရက်အတွင်းရေပြန်သွင်းပါ။

ဆေးဖျန်းထားသော စိုက်ခင်းအတွင်းသို့ ( ၂၄ ) နာရီအတွင်းမဝင်‌ရောက်ရ။

ပိုးသတ်ဆေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း

ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တွယ်စဥ် ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မှီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍အဝတ်လဲပါ။

ရှေးဦးသူနာပြုစုနည်း

အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်း ဆေးဝင်လျှင် ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားအား ဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင်လူနားအား ဆရာဝန်ထံချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲ အော့အန်အောင်မလုပ်ရ။

ဆရာဝန်များအတွက်အညွှန်း

တိကျသောဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။

အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်း၊ ရေမြောင်းများအတွင်း စွန့်မပစ်ရ၊ မီးမရှို့ရ၊ ဖျက်ဆီး၍ မြေမြုပ်ပစ်ပါ။