ပရီဖစ် ၃၀၀ အီးစီ

ပရီဖစ် ၃၀၀ အီးစီ (Prefit 300 EC)
(Pretilachlor 30% ပါဝင်သည့် အစိုကြဲစပါးခင်းသုံး တမန်းပြင်ပေါင်းအုပ်ဆေး)
  • လယ်စပါးတွင်ပေါက်လေ့ရှိသည့် အစေ့မှပေါက်သည့် မြက်ပေါင်း၊မြက်မုန်ညင်း နှင့်ရွက်ပြန့်ပေါင်းများကို အစေ့မှ အပင်ပေါက်မလာအောင် ဖုံးအုပ်တာားဆီးပေးသည်။
    (Prefit 300 EC prevent the germination of grasses,sedges and broad leaf weed to plant in paddy field.)
Active Ingredient Formulation AI%
Pretilachlor 30% EC 30%
သီးနှံပေါင်းပင်များဆေးနှုန်းထားအသုံးပြုနည်း
စီစီ / ဧကစီစီ / ရေ ( ၂၀ ) လီတာ
စပါးတစ်နှစ်ခံမြက်များ၊၄၀၀ – ၆၀၀၈၀ – ၁၂၀မျိုးစေ့ချပြီး ( သို့မဟုတ် ) ရွှေ့စိုက်ပြီး ( ၁ – ၄ ) ရက်အတွင်းဖျန်းပါ။
ရွက်ပြန့်ပေါင်းများ
မြက်မုန်ညင်းများ

မျိုးစေ့ချပြီး ( သို့မဟုတ် ) ရွှေ့စိုက်ပြီး ( ၁ – ၄ ) ရက်အတွင်းဖျန်းပါ။

မှတ်ချက် – တစ်ဧကလျှင် ရေ ( ၂၀ ) လီတာဝင် ဆေးဖျန်းပုံး အနည်းဆုံး ( ၅ ) ပုံးသုံးပါ။

အသုံးမပြုမီ အညှောက်ဖောက်ကြဲထားသော စပါးခင်းကို ရေပြောင်စင်အောင်ထုတ်ပါ။

မပေါက်သေးသော ပေါင်းမြက်များကို နှိမ်နင်းထားရန် အသုံးပြုပါ။

မြေပြင်ညီညာစွာ ပြုပြင်ထားခြင်းက ပေါင်းနှိမ်နင်းမှုကို ပိုမိုထိရောက်စေပါသည်။

ဆေးဖျန်းပြီးနောက် ( ၃ – ၅ ) ရက်ကြာလျှင်ရေပြန်သွင်းပေးပါ။

ဆေးဖျန်းထားသည့် အကွက်များမှ အခြားသီးနှံစိုက်ခင်းထဲ ရေမဝင်စေရန် သတိပြုပါ။

ကလေးငယ်များ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။

ပိုးသတ်ဆေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း

ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တွယ်စဥ် ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မှီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍အဝတ်လဲပါ။

ရှေးဦးသူနာပြုစုနည်း

အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်း ဆေးဝင်လျှင် ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားအား ဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင်လူနားအား ဆရာဝန်ထံချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲ အော့အန်အောင်မလုပ်ရ။

ဆရာဝန်များအတွက်အညွှန်း

တိကျသော ဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ် မူတည်၍ ကုသရန်ဖြစ်သည်။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။

အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်း၊ ရေမြောင်းများအတွင်း စွန့်မပစ်ရ၊ မီးမရှို့ရ၊ ဖျက်ဆီး၍ မြေမြုပ်ပစ်ပါ။