Active Ingredient | Formulation | AI% |
---|---|---|
Blender 2.5% | EC | 2.5% |
သီးနှံများ | နှိမ်နှင်းနိုင်သော ဖျက်ပိုးများ | ဆေးနှုန်းထား | မရိတ်သိမ်းမှီစောင့်ဆိုင်းရမည့်ရက် | |
စီစီ/ဧက | စီစီ/ ရေ၂၀ လီတာ | |||
စပါး | ငမြှောင်တောင်၊ ဖြုတ်ပိုးများ | ၁၅၀-၃၂၀ | ၃၀-၆၄ | ၂၁ |
နှံစားပြောင်း | ငမြှောင်တောင်၊ ပင်ဖြတ်ပိုး | ၁၅၀-၃၂၀ | ၃၀-၆၄ | ၃၀ |
ဝါ | ပင်ဖြတ်ပိုး၊ လှေးကျိုင်း၊ သီးလုံးဖောက်ပိုးများ | ၂၁၀-၃၂၀ | ၄၂-၆၄ | ၂၀ |
မြေပဲ၊ နေကြာ၊ ခရမ်းချဥ် | ငမြှောင်တောင်၊ ပင်ဖြတ်ပိုး၊ မွှားပင်ကူနီ၊ ပျပိုးများ | ၁၂၀-၃၂၀ | ၂၄-၆၄ | ၁၄ |
ပဲတီစိမ်း၊ မတ်ပဲ | ငမြှောင်တောင်၊ ပင်ဖြတ်ပိုး၊ မွှားပင်ကူနီ၊ ပျပိုးများ | ၁၂၀-၃၂၀ | ၂၄-၆၄ | ၄၅ |
ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တယ်စဥ် ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မှီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍အဝတ်လဲပါ။
အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်း ဆေးဝင်လျှင် ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားအား ဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင်လူနားအား ဆရာဝန်ထံချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲ အော့အန်အောင်မလုပ်ရ။
တိကျသောဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်။
ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။
အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်း၊ ရေမြောင်းများအတွင်း စွန့်မပစ်ရ၊ မီးမရှို့ရ၊ ဖျက်ဆီး၍ မြေမြုပ်ပစ်ပါ။