Active Ingredient | Formulation | AI% |
---|---|---|
Guard 4 G | G | 4% |
သီးနှံ | ဖျက်ပိုး | ဆေးနှုန်းထား ( ကီလို / ဧက ) | သီးနှံ မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက် |
စပါး | ဆစ်ပိုး၊ ဖြုတ်ပိုး၊ နီးမတုတ်၊ ရွက်လိပ်ပိုး | ၆ – ၈ ကီလို | ၇ – ၁၄ ရက် |
ကြံ | ပင်စည်ထိုးပိုး | ၆ – ၈ ကီလို | ၇ – ၁၄ ရက် |
ဝါ၊ ငရုတ်၊ ခရမ်းချဥ် | ရွက်ထွင်းပိုး၊ လှေးပိုး | ၆ – ၈ ကီလို | ၇ – ၁၄ ရက် |
ကြက်သွန်နီ/ ဖြူ၊ ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ | လှေးပိုး၊ ပျပိုး | ၆ – ၈ ကီလို | ၇ – ၁၄ ရက် |
ဖရဲ၊ သခွားမွှေး | လှေးပိုး၊ ရွက်ထွင်းပိုး၊ စုပ်စားပိုး | ၆ – ၈ ကီလို | ၇ – ၁၄ ရက် |
ဂန္ဓမာ | ရွက်ထွင်းပိုး | ၆ – ၈ ကီလို | ၇ – ၁၄ ရက် |
သီးနှံစိုက်ပြီး ရက် (၃၀)တွင် ပထမအကြိမ် စိုက်ပြီး၊ ရက် (၆၀)တွင် ဒုတိယအကြိမ်
စိုက်ခင်းအတွင်း ထည့်သွင်း အသုံးပြုပါ။
ဆေးအသုံးပြုပြီး (၂၄)နာရီ ကြာမှ စိုက်ခင်းအတွင်းသို့ ပြန်လည် ဝင်ရောက်ပါ။
သီးနှံတစ်ရာသီအတွင်း (၃) ကြိမ် ထက်ပို၍ အသုံးမပြုရပါ။
ဆေးပက်ဖျန်းစဉ် လက်ရှည်အင်္ကျီ၊ မျက်မှန်၊ နှာခေါင်းနှင့် ပါးစပ်ကာ၊ လည်ရှည် ဖိနပ်စသည့် ကာကွယ်ရေးဝတ်စုံကို ဝတ်ပါ။ ဆေးငွေ့ဆေးမှုန်များကို မရှူရှိုက် မိစေရ။ ဆေးကိုင်တွယ်အသုံးပြုစဉ် အစာစားခြင်း၊ ရေသောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း မပြုလုပ်ရ။ ဆေးကို အသုံးပြုပြီး ခြေ၊ လက်များကို ဆပ်ပြာနှင့် ဆေးကြောပါ။ လေအထက်မှ ဆေးဖျန်းပါ။ ငါးမွေးကန်များအနီး ဆေးဖျန်းခြင်း မပြုရ။ ဆေးကို လုံးဝမရှူရပါ။
ဆေးရှူမိပါက လူနာအား လေကောင်းလေသန့် ရသည့်နေရာသို့ ရွှေ့ပါ။ လူနာ သည် အသက်ရှူပုံမှန်မဟုတ်ပါက (သို့) အသက်ရှူရပ်ပါက အသက်ရှူကိရိယာ ကို သုံးပါ။ ဆရာဝန်ထံ ချက်ချင်းပြပါ။ အရေပြားပေါ် ဆေးထိမိပါက ဆေးထိ သောနေရာမှ အဝတ်အစားများအား ဖယ်ရှားပါ။ ထိုနေရာအား ဆပ်ပြာနှင့် ရေ များများဖြင့် ချက်ချင်းရေချိုးပါ။ ဆေး မျက်စိထဲဝင်ပါက သန့်ရှင်းသောရေနှင့် (၁၅)မိနစ်ခန့် ညင်ညင်သာသာ ဆေးကြောပါ။ လိုအပ်ပါက ဆရာဝန်ထံပြသပါ။ မျိုချမိပါက လူနာသတိရနေလျှင် ရေများများသောက်ပြီး အန်အောင်ပြုလုပ်ပေး ပါ။ သတိမေ့နေပါက အော့အန်အောင် မလုပ်ရ။ ဆရာဝန်ညွှန်ကြားချက် ချက်ချင်းရယူပါ။
ဖြေဆေး သီးသန့်မရှိပါ။ မျိုချမိပါက (၄)နာရီ အတွင်း အစာအိမ်သန့်ဆေးရည် တိုက်ပေးပါ။ အထောက်အပံ့ဖြစ်စေသောနည်းဖြင့် ရောဂါလက္ခဏာအရ ကုသ ပေးပါ။
ဓါတ်တိုးစေသောပစ္စည်းများ၊ နေရောင်ခြည်တိုက်ရိုက်ကျသော အပူရှိသောနေ ရာများနှင့် ဝေးဝေးထားပါ။ အေး၍ ခြောက်သွေ့သောနေရာတွင် သိုလှောင်သိမ်း ဆည်းပါ။ ဆေးထုပ်များကို အစားအစာများနှင့် ဝေးရာတွင်ထားပါ။ ဆေးထုပ်ခွံ များကို ပြန်လည်အသုံးမပြုဘဲ မြေပေါ်မြေအောက် သောက်သုံးရေ(မြစ်၊ချောင်း ၊ အင်း၊ အိုင်များ၊ ရေတွင်းများ)နှင့် ဝေးသောနေရာ၊ လူနေအိမ်များနှင့် ဝေးသော နေရာများတွင် မြေမြှုပ်စွန့်ပစ်ပါ။ မီးမရှို့ ရပါ။