စမတ်ဒေါင်း ၅၀ အီးစီ

စမတ်ဒေါင်း ၅၀ အီးစီ (Smart Down 50 EC)
ဖျက်ပိုးလောက်ကောင်များသာမက ဖျက်ပိုးဥများပါ သတ်နိုင်စွမ်းရှိခြင်း
  • ( Destroy not only larvae but also eggs of pests.)
    အရွက်လွှာကို ထိုးဖောက်စိမ့်ဝင်နိုင်ခြင်း
Active Ingredient Formulation AI%
Profenofos 50% EC 50%
သီးနှံဖျက်ပိုးများဆေးနှုန်းထား ( စီစီ / ဧက )စီစီ / ရေ ( ၂၀ ) လီတာသီးနှံမခူးဆွတ်မီစောင့်ဆိုင်းရမည့်ကာလ ( ရက် )
ဝါသီးလုံးဖောက်ပိုး၊ မွှားပင့်ကူ၊ မီလီဂျပိုး၂၀၀ – ၈၀၀၄၀ – ၁၆၀၇ – ၁၄
ပဲမျိုးစုံ၊ မြေပဲသီးလုံးဖောက်ပိုး၊ မွှားပင့်ကူ၂၀၀ – ၈၀၀၄၀ – ၁၆၀၇ – ၁၄
ဟင်သီးဟင်းရွက်ငမြှောင်တောင်၊ ပင်ဖြတ်ပိုး၊ မွှားပင့်ကူ၊ မီလီဂျပိုး၂၀၀ – ၈၀၀၄၀ – ၁၆၀၇ – ၁၄
စပါးရွက်လိပ်အိမ်ပိုး၊ ရွက်ခေါက်ပိုး၂၀၀ – ၈၀၀၄၀ – ၁၆၀၇ – ၁၄

သီးနှံတစ်ရာသီတွင် ပတ်ဖျန်းကြိမ် ( ၂ – ၃ ) ကြိမ်။

ဆေးဖျန်းခြားရက် ( ၇ – ၁၀ ) ရက်

သိုလှောင်ခြင်းနှင့် စွန်ပစ်ခြင်း

အိမ်မွေးတိရစ္ဆာန်များ နှင့် မီးတို့ ကင်းလွတ်ရာတွင်သိုလှောင်ပါ။

ဆေးဘူး အခွံများကို မြစ်ချောင်းများ၊ ရေမြောင်းများအတွင်းသို့ မစွန့်ပစ်ရ။ ပြန်လည်အသုံးမပြုရ၊ မီးမရှို့ရ။

ဖျက်ဆိး၍ မြေတွင်မြုပ်ပစ်ပါ။

ကလေးငယ်များလက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။

ပိုးသတ်ဆေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း

ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တွယ်စဥ် ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မှီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍အဝတ်လဲပါ။

ရှေးဦးသူနာပြုစုနည်း

အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်း ဆေးဝင်လျှင် ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားအား ဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင်လူနားအား ဆရာဝန်ထံချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲ အော့အန်အောင်မလုပ်ရ။

ဆရာဝန်များအတွက်အညွှန်း

တိကျသောဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။

အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်း၊ ရေမြောင်းများအတွင်း စွန့်မပစ်ရ၊ မီးမရှို့ရ၊ ဖျက်ဆီး၍ မြေမြုပ်ပစ်ပါ။