ကွစ်ခ်ဘန်း ၄၀ ဒဗလျူပီ (Quick Ben 40 WP)
(Quinclorac 34% နှင့် Bensulfuron methyl 6% ပါဝင်သည့် စပါးခင်းရွေးချယ်ပေါင်းသတ်ဆေးမှုန့်)
- မြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့် ပေါင်းအုပ်စု(၃)မျိုးလုံးအတွက်အသုံးပြုနိုင်သည်။
(Can use grasses,sedges and broad leaf weeds.)
- မြက်သီး/မြက်ချို ပေါင်းကို အထူးနှိမ်နင်းနိုင်သည်။
(Especially Quick Ben control Echinochloa crus-galli distinctly.)
Active Ingredient |
Formulation |
AI% |
Quinchlorac 34%+ |
WP |
40% |
Bensulfuron 6% |
|
|
သီးနှံ | သုံးစွဲရန်အချိန် | ပေါင်းပင်အမျိုးအစား | ဆေးနှုန်းထား
(ဂရမ်/ဧက) | ဆေးနှုန်းထား
(ဂရမ်/ရေ(၂၀)လီတာ) |
တိုက်ရိုက် အစေ့ချစိုက်စပါး (သို့) ပြောင်းရွှေ့စပါး | ပေါင်းပင်အမြင့် (၄)စင်တီမီတာ/ (၁)လက်မခွဲ ပေါင်းရွက် (၃-၅)ရွက် ထွက်ချိန် (သို့မဟုတ်) မျို့စေ့ချ စိုက်ပျိုးပြီး(၁၅-၂၀)ရက်/ ပြောင်းရွှေ့စိုက်စပါးတွင် ပြောင်းရွှေ့စိုက်ပြီး (၁၅-၂၀)ရက်အတွင်း သုံးစွဲရန် | ဝမ်းဘဲစာမြက်၊
မြက်သီး၊ ဒေါင်းမြီးပျံ၊မြက်ကွမ်းသီးလေး၊
မြက်မုန်ညင်း (အစိမ်း၊ဝါ) ကတောက်ဆတ်၊ မှိုနတို၊
လယ်ပဒူ၊ ရေကညွတ်နှင့်
တစ်နှစ်ခံပေါင်းအမျိုးမျိုး | ၃၀၀ – ၆၀၀ | ၆၀ – ၁၂၀ |
မှတ်ချက်။ ။ တစ်ဧကလျှင် (၂၀) လီတာဝင် ဆေးဖြန်းပုံး (၅)ပုံးနှုန်းဖြင့် တွက်ချက်ထားပါသည်။
ရေသွင်းရေထုတ်
ဆေးမဖြန်းမှီ (၁-၂) ရက်ကြိုတင်၍ ရေထုတ်ပေးရပါမည်။ ပေါင်းသတ်ဆေးဖြန်းပြီး (၂-၃) ရက်အကြာတွင် ရေပြန်သွင်းပါ။
သတိပြုရန်အချက်များ
- ဆေးဖြန်းစဥ် လက်အိတ်၊ နှာခေါင်းစည်း၊ လည်ရှည်ဖိနပ်နှင့် ဘောင်ဘီရှည်၊ မျက်မှန်၊ ဦးထုပ်နှင့် အကာအကယ်ဝတ်စုံ အပြည့်အစုံဝတ်ဆင်ရမည်။
- မျက်လုံးနှင့် အရည်ပြားပေါ်သို့ ဆေးနှင့် တိုက်ရိုက်မထိတွေ့စေရ။
- ဆေးကိုင်တွယ် အသုံးပြုနေချိန်တွင် အစာစားခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေသောက်ခြင်းမပြုရ။
- ဆေးဖြန်းပြီးလျှင် အဝတ်အစားများကို ဂရုတစိုက် စင်ကြယ်အောင် လျှော်ဖွတ်ပါ။ ဆေးဖြန်းစဥ် လေဆန်၍မဖြန်းရ။
ရှေးဦးသူနာပြုစုနည်း
- ဆေးများထိမိပါက ဆေးပေနေသော အဝတ်အစားများကို ချွတ်ပစ်ပါ။ ဆေးထိမိသော အရေပြားအားရေ၊ ဆပ်ပြာတို့ဖြင့် (၁၅)မိနစ် မှ ( ၂၀)မိနစ်ထိ ဆေးကြောပါ။
- မျက်စိအတွင်းသို့ ဆေးဝင်လျှင် ရေများများဖြင့် ဖြေးညင်းညင်သာစွာဖွင့်ချည် ပိတ်ချည်(၁၅)မိနစ်မှ (၂၀)မိနစ်ထိ ဆေးကြောပါ။
- ဆေးရှူမိလျှင် လူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင်ထားပါ။
- ဆေးမျိုချမိပါက ရေဖြင် ပလုတ်ကျင်းပါ။ ဆရာဝန်ညွှန်ကြားချက်မပါပဲ အော့အန်အောင်မပြုလုပ်ရပါ။ ဆရာဝန်၏ အကြံဉာဏ်နှင့် ကုသမှုကိုခံယူပါ။
- ဖြေဆေး – ဖြေဆေးသီးသန့်မရှိပါ။ အဆိပ်သင့် လက္ခဏာအရ ကုသပါ။
သိုလှောင်နည်းနှင့် စွန့်ပစ်နည်း
ကလေးများလက်လှမ်းမမှီသောနေရာတွင်သိမ်းဆည်းပါ။
အေးမြ၍ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသောနေရာတွင် မူလဘူးခွံတွင်အဖုံးကို တင်းကြပ်စွာပိတ်၍ သိုလှောင်ပါ။ ဆေးဘူးခွံအလွတ်များကို ပြန်လည်အသုံးမပြုရပါ။ ထုချေဖျက်စီး၍ မြေကျင်းနက်နက်တူး၍ မြုပ်ပါ။ ဆေးဖြန်းကိရိယာ၊ အသုံးပြုပြီးသော ဆေးဘူးခွံများကို မြစ်ချောင်း၊ အင်းအိုင်နှင့် မြောင်းများသို့ မစွန့်ပစ်ရပါ။ မီးမရှို့ရပါ။ လူအစားစာ၊ တိရစ္ဆာန်၊ မျိုးစေ့၊ ဓါတ်မြေဩဇာများနှင့် ရောနှော၍ မသိုလှောင်ရ။