ဥစားသီးနှံများအတွက် လိုအပ်သော အာဟာရဓာတ်များပြည်စုံစွာပါရှိပြီး အဆင့်မြင့် ခေတ်မှီနည်းပညာဖြင့် စနစ်တကျဖော်စပ်ထုတ်လုပ်ထားပါသည်။ ဥဆင်းအားကောင်းခြင်း၊ အမြစ်ထွက်အားကောင်းခြင်း၊ သီးနှံပင် အစိတ်အပိုင်းများ၏ ဆဲလ်နံရံများ ခိုင်မာတောင့်တင်းစေပြီး ပိုးမွှား/ရောဂါကျရောက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေပါသည်။ ဥမြစ်စားသီးနှံများ (Root & Tuber Crops) တွင် အသုံးပြုခြင်းဖြင့် အသားကျစ်လျစ်ခြင်း၊ အလေးချိန်စီးခြင်းနှင့် တာရှည်အထားခံခြင်းတို့ကြောင့် ရေရှည်သိုလှောင်ထားနိုင်ပြီး ကြိုက်စျေးရမှ ထုတ်ရောင်းနိုင်သဖြင့် စီးပွားရေး အရ တွက်ခြေကိုက်စေပါသည်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ မြေပဲ၊ မုန်လာဥဖြူ၊ မုန်လာဥနီနှင့် အခြားဥစားသီးနှံများ။
ဥစားသီးနှံစိုက်ခင်းများ – စတင်ဥဆင်းချိန် (ဥပမာ – အာလူး၊ ကြက်သွန်နီ)၊ မြေပဲခင်းများစွယ်ချချိန်တွင် ရွှေမင်္ဂလာဥစားသီးနှံအထူးစတင်ပတ်ဖျန်းပါ။
ရေ(၄)ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည် (၃၀-၄၀) စီစီနှုန်း ထည့်ပြီး သီးနှံပေါ်မူတည်၍ တစ်ဧကလျှင် (၅-၆)ပုံးဝင်အောင် ဖျန်းပေးပါ။
ကလေးငယ်များ လက်လှမ်းမမှီသော နေရာတွင် သော့ခတ်သိမ်းဆည်းပါ။
ပါဝင်ပစ္စည်းများ | |
P2O4 | 415 g/L |
K2O | 445 g/L |
Mg | 10 g/L |
S | 16 g/L |
Zn | 5 g/L |
Cu | 0.64 g/L |
B | 10 g/L |