Active Ingredient | Formulation | AI% |
---|---|---|
Copper oxichloride 85% | WP | 85% |
သီးနှံ | ရောဂါ | နှုန်းထား (ဂရမ်/ဧက) | ဂရမ် / ရေ (၂၀)လီတာ | ဆေးဖြန်းပြီးနောက် ရိတ်သိမ်းခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ရက် |
စပါး | ဘတ်တီးရီးယားရွက်ခြောက်ရောဂါ၊ စပါဂုတ်ကျိုးရောဂါ၊ ရွက်ညိုပြောက်ရောဂါ | ၃၀၀ – ၆၀၀ | ၆၀ – ၁၂၀ | ၇ – ၁၅ |
ပဲမျိုးစုံ | ဖားဥမှိုရောဂါ | ၃၀၀ – ၆၀၀ | ၆၀ – ၁၂၀ | ၇ – ၁၅ |
အာလူး၊ ခရမ်းချဉ် | စောပင်နာကျရောဂါ၊ နှောင်းပင်နာကျရောဂါ၊ ပျော့ပုပ်ရောဂါ | ၃၀၀ – ၅၀၀ | ၆၀ – ၁၀၀ | ၇ – ၁၅ |
ငရုတ် | မှည့်ပြောက်စွန်း၊ ကိုင်းဖျားခြောက်၊ ရွက်ပြောက်ရောဂါ၊ ဘတ်တီးရီးယားပျော့ပုပ် | ၃၀၀ – ၅၀၀ | ၆၀ – ၁၀၀ | ၇ – ၁၅ |
ကြက်သွန်ဖြူ / နီ | ဒေါင်းနီးရွက်ခြောက်၊ တောက်တဲ့ မြီးရောဂါ၊ ပျော့ပုပ်၊ ပင်ငယ်ပုပ်ရောဂါ | ၃၀၀ – ၅၀၀ | ၆၀ – ၁၀၀ | ၇ – ၁၅ |
ဖရဲ၊ သခွားမွှေး၊ သခွား | ဒေါင်းနီးရွက်ခြောက်၊ ဖားဥမှိုရောဂါ၊ ဘတ်တီးရီးယားရွက်ပြောက်ရောဂါ | ၃၀၀ – ၆၀၀ | ၆၀ – ၁၂၀ | ၇ – ၁၅ |
မုန်ညင်း မုန်လာ မျိုးရင်းဝင်မျာ | ရွက်ပြောက်ထိပ်ပုပ်၊ ဒေါင့်ကွက်လက်မဲ၊ သံချေးဖြူ၊ ပျော့ပုပ်၊ အမဲပုပ် | ၃၀၀ – ၆၀၀ | ၆၀ – ၁၂၀ | ၇ – ၁၅ |
စပျစ် | ဒေါင်းနီးရွက်ခြောက်ရောဂါ | ၃၀၀ – ၆၀၀ | ၆၀ – ၁၂၀ | ၇ – ၁၅ |
ရှောက်၊ သံပုရာ၊ လိမ္မော် | ချေးဖက်ရောဂါ၊ အနာချိုင့်ကင်ကာရောဂါ | ၄၀၀ – ၆၀၀ | ၈၀ – ၁၂၀ | ၇ – ၁၅ |
ပန်းမာလ် | ရွက်ပြောက်ရောဂါ၊ ဖားဥမှိုရောဂါ | ၂၅၀ – ၅၀၀ | ၅၀ – ၁၀၀ | ၇ – ၁၅ |
ကွမ်း | ဆစ်ပြုတ်ရိုးမဲ၊ ဆီးကွက်စွန်းရောဂါ၊ ဒေါင်းမြီးကွက်ရောဂါ | ၂၅၀ – ၅၀၀ | ၅၀ – ၁၀၀ | ၇ -၁၅ |
မြေပဲ | ရွက်ပြောက်ရောဂါ | ၃၀၀ – ၆၀၀ | ၆၀ – ၁၂၀ | ၇ – ၁၅ |
ဆေးမဖျန်းမီ ဆေးညွန်းကို သေချာစွာဖတ်ပါ။ အညွန်းပါ အတိုင်း စနစ်တကျပက်ဖျန်းပါ။
ဆေးကိုင်တွယ်အသုံးပြုလျှင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ မျက်မှန်၊ နှာခေါင်းစည်း၊ အနားကျယ်သော ဦးထုပ်၊ လက်အိတ်၊ လည်ရှည်ဖိနပ် စသည့် အကာအကွယ်ဝတ်စုံ ပြည်စုံစွာဝတ်ဆင်ပါ။ ကိုင်တွယ်နေစဉ် အစာရေစာစားသောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း မပြုလုပ်ရ။ ကိုင်တွယ်အသုံးပြုပြီးလျှင် ခန္ဓာကိုယ်နှင့် ဝတ်စုံကို ဆပ်ပြာနှင်ရေများများဖြင့် လျှော်ဖွတ်ပါ။
ဖြေဆေး သီးသန့် မရှိပါ၊ ရောဂါလက္ခဏာပေါ်ကြည့်၍ကုသပါ။
ဆေးပုလင်းအဖုံးကို သေချာကြပ်အောင်ပိတ်၍ လေဝင်လေထွက်ကောင်းပြီး အေး၍ခြောက်သွေ့သော နေရာ၊
နေရောင်နှင့် တိုက်ရိုက်မထိတွေ့သောနေရာ၊ လူနှင့် တိရစ္ဆာန်အစားအစာတို့ နှင့်ဝေးသောနေရာတွင်ထားပါ။ ဆေးထုပ်ခွံများ ကို ပြန်လည်အသုံးမပြုရ၊ မီးမရှို့ရ၊ ရေအရင်အမြစ်နှင့်ဝေးသောနေရာတွင် သေချာစွာဖျက်စီး၍ မြေတွင်တူးပြီးမြုပ်ပါ။
ကလေးများ လက်လှမ်းမမှီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။