ရွှတ်ဒေါင်း ၅% ဒဗလျူဒီဂျီ

ရွှတ်ဒေါင်း ၅%ဒဗလျူဒီဂျီ(Shoot Down 5% WDG)
(လိပ်ပြာဖလံအုပ်စုဝင်ဖျက်ပိုးများကို နှိမ်နင်းနိုင်သောပိုးသတ်ဆေးရွှတ်ဒေါင်း)
  • နှိမ်နင်းရခက်ခဲသော ငမြှောင်တောင်၊ ပွင့်ထွေးရွက်ထွေး၊ စိန်ကွက်ဖလံ စသည့် ဖျက်ပိုးများကို ထိရောက်စွာနှိမ်နင်းနိုင်ခြင်း
    (Effective controllable to difficult pests such as armyworm, maruca, diamond back moth)
Active Ingredient Formulation AI%
Emarmectin Benzoate 5% WDG 5%
သီးနှံဖျက်ပိုးများဂရမ် / ရေ
(၂၀) လီတာ
နှုန်းထား
(ဂရမ်/ဧက)
မခူးဆွတ်မီစောင့်ဆိုင်း
ရမည့်ကာလ ( ရက် )
မုန်ညင်းမုန်လာ
(ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာ)
ငမြှောင်တောင်၊ စိန်ဖလံကွက်၁၂-၁၈၅၄-၉၀၁၄
မုန်ညင်း မုန်လာ လိပ်ပြာ၆-၁၀၃၀-၄၈၁၄
စပါးရွက်လိပ် ရွက်ခေါက်ပိုး၁၂-၁၆၆၀-၈၀၁၄
ဝါသီးလုံးဖောက်ပိုးမျာ၁၆-၂၀၈၀-၉၆၁၄
ပြောင်းငမြှောင်တောင်ပိုး၊ ပြောင်းဖူးစားပိုး၁၀-၂၀၅၀-၁၀၀၁၄

သီးနှံတစ်ရာသီတွင်ပတ်ဖျန်းကြိမ် (၃-၅)ကြိမ်

ဆေးဖျန်းခြားရက် (၇-၁၀)ရက်။

သုံးစွဲရန်အညွှန်း

အညွှန်းစာတွင်ပါဝင်သည့် ထောက်ခံနှုန်းများအတိုင်းသာသုံးစွဲပါ။ ဆေးဖျော်စပ်ရာတွင် ဆေးဖျန်းပုံးထဲသို့ သုံးစွဲရမည့် ရေပမာဏ တစ်ဝက်ခန့်ထည့်၍ ရွှတ်ဒေါင်း ဆေးမှုန့်အား ထည့်ရန်။ ထို့နောက် ထပ်မံလိုအပ်သည့် ရေပမာဏအားထည့်၍ ရောသမသည်အထိမွှေပါ။

ပိုးသတ်ဆေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း

ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တယ်စဥ် ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မှီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍အဝတ်လဲပါ။

အခြားသက်ရှိများအား အဆိပ်သင့်မှု

ငါးနှင့် ရေသတ္တဝါများအား အဆိပ်ဖြစ်စေသည်။

ရှေးဦးသူနာပြုစုနည်း

အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်း ဆေးဝင်လျှင် ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားအား ဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင်လူနားအား ဆရာဝန်ထံချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲ အော့အန်အောင်မလုပ်ရ။

ဆရာဝန်များအတွက်အညွှန်း

တိကျသောဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။

အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်း၊ ရေမြောင်းများအတွင်း စွန့်မပစ်ရ၊ မီးမရှို့ရ၊ ဖျက်ဆီး၍ မြေမြုပ်ပစ်ပါ။