(No immune of pests on pesticide)
Active Ingredient | Formulation | AI% |
---|---|---|
Emarmectin Benzoate 10%+ | WP | 20% |
Thiamethoxam 10% |
သီးနှံ | ဖျက်ပိုး | နှုန်းထား (ဂရမ်/ဧက) | မခူးဆွတ်မီစောင့်ဆိုင်းရက် |
ဟင်းသီးဟင်းရွက် | ပျ၊ မီလီဂျပိုး၊ သရစ်၊ ထွာကောင်စိမ်း၊ ငမြှောင်တောင်၊ စိတ်ကွက်ဖလံ | ၅၀ – ၇၀ ဂရမ် | ၁၄ |
သရက် | ဖြုတ်၊ အကြေးပိုး | ၅၀ – ၁၀၀ ဂရမ် | ၁၄ |
ရှောက်၊ သံပုရာ၊ လိမ္မော် | ပျ၊ အကြေးပိုး၊ မွှားပင့်ကူ | ၅၀ – ၇၀ ဂရမ် | ၁၄ |
ဝါ | ပျ၊ လှေးပိုး၊ မွှားပင့်ကူ၊ ဖြုတ်၊ သီးလုံးဖောက်ပိုး | ၅၀ – ၁၀၀ ဂရမ် | ၁၄ |
ပဲမျိုးစုံ | ပျ၊ ဖြုတ်၊ မွှားပင့်ကူ၊ အကြေးပိုး၊ ပွင့်ထွေးပိုး၊ ပဲတောင့်ထိုးပိုး၊ ပင်ဖြတ်ပိုး၊ သီးလုံးဖောက်ပိုး | ၅၀ – ၁၀၀ ဂရမ် | ၁၄ |
နှမ်း၊မြေပဲ | ငမြှောင်တောင်၊ ပျ၊ ယင်ဖြူ၊ လှေးပိုး၊ ဖြုတ်၊ ရွက်လိပ်ရွက်ကပ် | ၅၀ – ၇၀ ဂရမ် | ၁၄ |
စပါး | ဆစ်ပိုး၊ ဖြုတ်၊ လှေးပိုး၊ ကြက်သွန်မြိတ်ပိုး | ၅၀ – ၁၀၀ ဂရမ် | ၁၄ |
ဆေးညွှန်းကို သေချာစွာဖတ်ပြီးမှ ဆေးဖျန်းပါ။
အညွှန်းစာတွင်ပါဝင်သည့် ထောက်ခံနှုန်းများအတိုင်းသာသုံးစွဲပါ။ ဆေးဖျော်စပ်ရာတွင် ဆေးဖျန်းပုံးထဲသို့ သုံးစွဲရမည့် ရေပမာဏ တစ်ဝက်ခန့်ထည့်၍ ကစ်ဒေါင်း ၂၀ ဒဗလျူပီဆေးမှုန့်အားထည့်ရန်။ ထို့နောက် ထပ်မံလိုအပ်သည့် ရေပမာဏအား ထည့်၍ ဆေးနှင့် ရောသမသည်အထိမွှေပါ။
ပါးစပ်၊ မျက်စိ၊ နှာခေါင်း၊ အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တွယ်စဥ် ဆေးလိပ်မသောက်ရ၊ အစာမစားဥ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများ မစားသောက်မှီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍ အဝတ်လဲပါ။
ငါးနှင့်ရေနေသတ္တဝါများအား အဆိပ်ဖြစ်စေသည်။
အဆိပ်သင့်သော လူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေ့ပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့်ဆေးကြောပါ။ မျက်စိအတွင်း ဆေးဝင်လျှင် ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားအား ဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင် လူနာအား ဆရာဝန်ထံ ချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲ အော့အန်အောင်မလုပ်ရ။
တိကျသော ဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ ကုသရန်ဖြစ်သည်။
ကလေးများ လက်လှမ်းမမှီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။ အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင့် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ၊ မြစ်ချောင်း၊ ရေမြောင်းများအတွင်းမစွန့်ပစ်ရ။ မီးမရှို့ရ၊ ဖျက်စီး၍ မြေမြုပ်ပစ်ပါ။