ကော့ပ်စတား ၈၅ ဒဗလျူပီ

ကော့ပ်စတား ၈၅ ဒဗလျှူပီ (COP STAR 85 WP)
(ကော့ပါးအုပ်စုဝင် ထိသေအာနိသင်ရှိ မှိုနှင့်ဘက်တီးရီးယားရောဂါသတ်ဆေး)
  • ဆေးမှုန့်အရွယ်အစားအလွန်သေးငယ်နူးညံ့ပြီး ရေတွင်ပျော်ဝင်မှုအလွန်ကောင်းခြင်း၊
    (Smaller droplet size and fine well disolve in water)
  • မှိုရောဂါများသာမက ဘက်တီးရီးယားရောဂါများကိုပါ ထိရောက်စွာ နှိမ်နင်းနိုင်ခြင်း။
    (Not only fungal diseases but also can control bacterial diseases.)
Active Ingredient Formulation AI%
Copper oxichloride 85% WP 85%
သီးနှံရောဂါနှုန်းထား
(ဂရမ်/ဧက)
ဂရမ် / ရေ
(၂၀)လီတာ
ဆေးဖြန်းပြီးနောက် ရိတ်သိမ်းခူးဆွတ်ရန်
စောင့်ဆိုင်းရမည့်ရက်
စပါးဘတ်တီးရီးယားရွက်ခြောက်ရောဂါ၊ စပါဂုတ်ကျိုးရောဂါ၊ ရွက်ညိုပြောက်ရောဂါ၃၀၀ – ၆၀၀၆၀ – ၁၂၀၇ – ၁၅
ပဲမျိုးစုံဖားဥမှိုရောဂါ၃၀၀ – ၆၀၀၆၀ – ၁၂၀၇ – ၁၅
အာလူး၊ ခရမ်းချဉ်စောပင်နာကျရောဂါ၊ နှောင်းပင်နာကျရောဂါ၊ ပျော့ပုပ်ရောဂါ၃၀၀ – ၅၀၀၆၀ – ၁၀၀၇ – ၁၅
ငရုတ်မှည့်ပြောက်စွန်း၊ ကိုင်းဖျားခြောက်၊ ရွက်ပြောက်ရောဂါ၊ ဘတ်တီးရီးယားပျော့ပုပ်၃၀၀ – ၅၀၀၆၀ – ၁၀၀၇ – ၁၅
ကြက်သွန်ဖြူ / နီဒေါင်းနီးရွက်ခြောက်၊ တောက်တဲ့ မြီးရောဂါ၊ ပျော့ပုပ်၊ ပင်ငယ်ပုပ်ရောဂါ၃၀၀ – ၅၀၀၆၀ – ၁၀၀၇ – ၁၅
ဖရဲ၊ သခွားမွှေး၊ သခွားဒေါင်းနီးရွက်ခြောက်၊ ဖားဥမှိုရောဂါ၊ ဘတ်တီးရီးယားရွက်ပြောက်ရောဂါ၃၀၀ – ၆၀၀၆၀ – ၁၂၀၇ – ၁၅
မုန်ညင်း မုန်လာ မျိုးရင်းဝင်မျာရွက်ပြောက်ထိပ်ပုပ်၊ ဒေါင့်ကွက်လက်မဲ၊ သံချေးဖြူ၊ ပျော့ပုပ်၊ အမဲပုပ်၃၀၀ – ၆၀၀၆၀ – ၁၂၀၇ – ၁၅
စပျစ်ဒေါင်းနီးရွက်ခြောက်ရောဂါ၃၀၀ – ၆၀၀၆၀ – ၁၂၀၇ – ၁၅
ရှောက်၊ သံပုရာ၊ လိမ္မော်ချေးဖက်ရောဂါ၊ အနာချိုင့်ကင်ကာရောဂါ၄၀၀ – ၆၀၀၈၀ – ၁၂၀၇ – ၁၅
ပန်းမာလ်ရွက်ပြောက်ရောဂါ၊ ဖားဥမှိုရောဂါ၂၅၀ – ၅၀၀၅၀ – ၁၀၀၇ – ၁၅
ကွမ်းဆစ်ပြုတ်ရိုးမဲ၊ ဆီးကွက်စွန်းရောဂါ၊ ဒေါင်းမြီးကွက်ရောဂါ၂၅၀ – ၅၀၀၅၀ – ၁၀၀၇ -၁၅
မြေပဲရွက်ပြောက်ရောဂါ၃၀၀ – ၆၀၀၆၀ – ၁၂၀၇ – ၁၅

ဆေးပက်ဖျန်းသုံးစွဲနည်း

ဆေးမဖျန်းမီ ဆေးညွန်းကို သေချာစွာဖတ်ပါ။ အညွန်းပါ အတိုင်း စနစ်တကျပက်ဖျန်းပါ။

  • ဆေးဖြန်းပြီးနောက် စိုက်ခင်းအတွက် ပြန်လည်ဝင်ရောက်နိုင်သော ကာလ – ၂၄ နာရီ
  • သီးနှံတစ်ရာသီတွင် ပတ်ဖျန်းကြိမ် (၂-၃) ကြိမ်
  • ဆေးဖြန်းခြားရက် (၇-၁၄) ရက်

သတိပြုရန်အချက်များ

ဆေးကိုင်တွယ်အသုံးပြုလျှင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ မျက်မှန်၊ နှာခေါင်းစည်း၊ အနားကျယ်သော ဦးထုပ်၊ လက်အိတ်၊ လည်ရှည်ဖိနပ် စသည့် အကာအကွယ်ဝတ်စုံ ပြည်စုံစွာဝတ်ဆင်ပါ။ ကိုင်တွယ်နေစဉ် အစာရေစာစားသောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း မပြုလုပ်ရ။ ကိုင်တွယ်အသုံးပြုပြီးလျှင် ခန္ဓာကိုယ်နှင့် ဝတ်စုံကို ဆပ်ပြာနှင်ရေများများဖြင့် လျှော်ဖွတ်ပါ။

ရှေးဦးသူနာပြုစုကုသနည်း

  • ဆေးထိပါက – ညစ်ပေသော အဝတ်များကိုချွတ်ပြီး ရေများများဖြင့် သန့်စင်ပါ
  • မျက်စိထဲဝင်ပါက – ရေသန့်သန့်ဖြင့် (၁၅) မိနစ်ခန့်သန့်စင်ပါ
  • ရှူရှိုက်မိပါက – လေသန့်ရသည့် နေရာသို့ ‌ရွှေ့ပြီး နွေးထွေးစွာအနားယူပါစေ။ ဆရာဝန်သို့ ချက်ချင်းပြသပါ။
  • ဆေးမျိုချမိပါက – လူနာသတိလစ်နေပါက အော့အန်အောင်မပြုလုပ်ရ။ အညွှန်စာသားပါသော ဆေးဘူး ဆေးထုတ်ခွံနှင့်အတူ ဆရာဝန်ထံ ပြသပါ။

ဆရာဝန်များ အတွက် ဆေးညွှန်း

ဖြေဆေး သီးသန့် မရှိပါ၊ ရောဂါလက္ခဏာပေါ်ကြည့်၍ကုသပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

ဆေးပုလင်းအဖုံးကို သေချာကြပ်အောင်ပိတ်၍ လေဝင်လေထွက်ကောင်းပြီး အေး၍ခြောက်သွေ့သော နေရာ၊
‌နေရောင်နှင့် တိုက်ရိုက်မထိတွေ့သောနေရာ၊ လူနှင့် တိရစ္ဆာန်အစားအစာတို့ နှင့်ဝေးသောနေရာတွင်ထားပါ။ ဆေးထုပ်ခွံများ ကို ပြန်လည်အသုံးမပြုရ၊ မီးမရှို့ရ၊ ရေအရင်အမြစ်နှင့်ဝေးသောနေရာတွင် သေချာစွာဖျက်စီး၍ မြေတွင်တူးပြီးမြုပ်ပါ။

ကလေးများ လက်လှမ်းမမှီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။