ဂတ် ၄ ဂျီ

ဂတ် ၄ ဂျီ (GUARD 4 G)
  • ပုန်းလျှိုးကွယ်လျှိုးနေသည့်သီးနှံဖျက်ပိုးများ နှင့် မြေတွင်းအောင်းဖျက်ပိုးများကို ထိရောက်စွာကြိုတင်ကာကွယ်နိုင်သည့် ကာဘာမိတ်အုပ်စုဝင်ပိုးသတ်ဆေးအခဲ
Active Ingredient Formulation AI%
Guard 4 G G 4%
သီးနှံဖျက်ပိုးဆေးနှုန်းထား ( ကီလို / ဧက )သီးနှံ မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
စပါးဆစ်ပိုး၊ ဖြုတ်ပိုး၊ နီးမတုတ်၊ ရွက်လိပ်ပိုး၆ – ၈ ကီလို၇ – ၁၄ ရက်
ကြံပင်စည်ထိုးပိုး၆ – ၈ ကီလို၇ – ၁၄ ရက်
ဝါ၊ ငရုတ်၊ ခရမ်းချဥ်ရွက်ထွင်းပိုး၊ လှေးပိုး၆ – ၈ ကီလို၇ – ၁၄ ရက်
ကြက်သွန်နီ/ ဖြူ၊ ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံလှေးပိုး၊ ပျပိုး၆ – ၈ ကီလို၇ – ၁၄ ရက်
ဖရဲ၊ သခွားမွှေးလှေးပိုး၊ ရွက်ထွင်းပိုး၊ စုပ်စားပိုး၆ – ၈ ကီလို၇ – ၁၄ ရက်
ဂန္ဓမာရွက်ထွင်းပိုး၆ – ၈ ကီလို၇ – ၁၄ ရက်

သီးနှံစိုက်ပြီး ရက် (၃၀)တွင် ပထမအကြိမ် စိုက်ပြီး၊ ရက် (၆၀)တွင် ဒုတိယအကြိမ်

စိုက်ခင်းအတွင်း ထည့်သွင်း အသုံးပြုပါ။

ဆေးအသုံးပြုပြီး (၂၄)နာရီ ကြာမှ စိုက်ခင်းအတွင်းသို့ ပြန်လည် ဝင်ရောက်ပါ။

သီးနှံတစ်ရာသီအတွင်း (၃) ကြိမ် ထက်ပို၍ အသုံးမပြုရပါ။

သတိပြုရန်အချက်များ

ဆေးပက်ဖျန်းစဉ် လက်ရှည်အင်္ကျီ၊ မျက်မှန်၊ နှာခေါင်းနှင့် ပါးစပ်ကာ၊ လည်ရှည် ဖိနပ်စသည့် ကာကွယ်ရေးဝတ်စုံကို ဝတ်ပါ။ ဆေးငွေ့ဆေးမှုန်များကို မရှူရှိုက် မိစေရ။ ဆေးကိုင်တွယ်အသုံးပြုစဉ် အစာစားခြင်း၊ ရေသောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း မပြုလုပ်ရ။ ဆေးကို အသုံးပြုပြီး ခြေ၊ လက်များကို ဆပ်ပြာနှင့် ဆေးကြောပါ။ လေအထက်မှ ဆေးဖျန်းပါ။ ငါးမွေးကန်များအနီး ဆေးဖျန်းခြင်း မပြုရ။ ဆေးကို လုံးဝမရှူရပါ။

ရှေးဦးသူနာပြုစုခြင်းနှင့် ဆရာဝန်များလိုက်နာရန်

ဆေးရှူမိပါက လူနာအား လေကောင်းလေသန့် ရသည့်နေရာသို့ ရွှေ့ပါ။ လူနာ သည် အသက်ရှူပုံမှန်မဟုတ်ပါက (သို့) အသက်ရှူရပ်ပါက အသက်ရှူကိရိယာ ကို သုံးပါ။ ဆရာဝန်ထံ ချက်ချင်းပြပါ။ အရေပြားပေါ် ဆေးထိမိပါက ဆေးထိ သောနေရာမှ အဝတ်အစားများအား ဖယ်ရှားပါ။ ထိုနေရာအား ဆပ်ပြာနှင့် ရေ များများဖြင့် ချက်ချင်းရေချိုးပါ။ ဆေး မျက်စိထဲဝင်ပါက သန့်ရှင်းသောရေနှင့် (၁၅)မိနစ်ခန့် ညင်ညင်သာသာ ဆေးကြောပါ။ လိုအပ်ပါက ဆရာဝန်ထံပြသပါ။ မျိုချမိပါက လူနာသတိရနေလျှင် ရေများများသောက်ပြီး အန်အောင်ပြုလုပ်ပေး ပါ။ သတိမေ့နေပါက အော့အန်အောင် မလုပ်ရ။ ဆရာဝန်ညွှန်ကြားချက် ချက်ချင်းရယူပါ။

ဖြေဆေး

ဖြေဆေး သီးသန့်မရှိပါ။ မျိုချမိပါက (၄)နာရီ အတွင်း အစာအိမ်သန့်ဆေးရည် တိုက်ပေးပါ။ အထောက်အပံ့ဖြစ်စေသောနည်းဖြင့် ရောဂါလက္ခဏာအရ ကုသ ပေးပါ။

သိုလှောင်ခြင်းနှင့်စွန့်ပစ်ခြင်း

ဓါတ်တိုးစေသောပစ္စည်းများ၊ နေရောင်ခြည်တိုက်ရိုက်ကျသော အပူရှိသောနေ ရာများနှင့် ဝေးဝေးထားပါ။ အေး၍ ခြောက်သွေ့သောနေရာတွင် သိုလှောင်သိမ်း ဆည်းပါ။ ဆေးထုပ်များကို အစားအစာများနှင့် ဝေးရာတွင်ထားပါ။ ဆေးထုပ်ခွံ များကို ပြန်လည်အသုံးမပြုဘဲ မြေပေါ်မြေအောက် သောက်သုံးရေ(မြစ်၊ချောင်း ၊ အင်း၊ အိုင်များ၊ ရေတွင်းများ)နှင့် ဝေးသောနေရာ၊ လူနေအိမ်များနှင့် ဝေးသော နေရာများတွင် မြေမြှုပ်စွန့်ပစ်ပါ။ မီးမရှို့ ရပါ။