Active Ingredient | Formulation | AI% |
---|---|---|
Mancozeb 80% | WP | 80% |
သီးနှံ | ရောဂါ | ဂရမ် / ဧက | ဂရမ် / ရေ (၂၀)လီတာ | ဆေးဖျန်းပြီး ရိတ်သိမ်းခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ကာလ |
စပါး | ဂုတ်ကျိုးရောဂါ | ၁၂၀၀ | ၁၅၀ | (၁၄)ရက် |
ပဲမျိုးစုံ | သံချေးရောဂါ၊ မှည့်ပြောက်စွန်း၊ ဒေါင်းနီးရွက်ခြောက်ရောဂါ | ၁၂၀၀ | ၁၅၀ | (၁၄)ရက် |
ငရုတ် | ခါးရိရောဂါ | ၃၀၀ – ၃၅၀ | ၅၀-၆၀ | (၁၄)ရက် |
ခရမ်းချဥ်၊ အာလူး | စောပင်နာကျရောဂါ၊ နှောင်းပင်နာကျရောဂါ | ၃၀၀ – ၃၅၀ | ၅၀ – ၆၀ | (၁၄)ရက် |
ကွမ်း | ငှက်မျက်စိ၊ ဒေါင်းမြီးကွက်ရောဂါ | ၁၂၀၀ | ၁၅၀ | (၁၄)ရက် |
ကြက်သွန်နီ၊ ကြက်သွန်ဖြူ | ဒေါင်းနီးရွက်ခြောက်ရောဂါ၊ တောက်တဲ့ မြီးရောဂါ | ၁၂၀၀ | ၁၅၀ | (၁၄)ရက် |
စပျစ် | ဒေါင်းနီးရွက်ခြောက်ရောဂါ | ၁၂၀၀ | ၁၅၀ | (၁၄)ရက် |
ရှောက်၊ သံပုရာ၊ လိမ္မော်၊ သစ်တော်သီး | ပင်စည်ချေးဖက်၊ အသီးညိုပုပ်၊ မီလင်နိုရောဂါ၊ ပင်ခြေပုပ်ရောဂါ | ၁၆၀၀ | ၁၆၀ | (၁၄)ရက် |
မြေပဲ | ရွက်ခြောက်ရောဂါ၊ သံချေးရောဂါ | ၆၀၀ – ၉၀၀ | ၁၀၀ – ၁၅၀ | (၁၄)ရက် |
ပန်းမာလ် | သံချေးရောဂါ | ၆၆၀ – ၉၆၀ | ၁၀၀ – ၁၆၀ | (၁၄)ရက် |
ပန်းသီး | သံချေးရောဂါ | ၆၆၀ – ၉၆၀ | ၁၁၀ – ၁၆၀ | (၁၄)ရက် |
မှတ်ချက်။ ။ တစ်ဧကလျှင် (၂၀)လီတာဝင် ဆေးဖျန်းပုံး ( ၆ ) ပုံးနှုန်းဖြင့် တွက်ချက်ထားပါသည်။
ရောဂါကျရောက်မှုပေါ်မူတည်၍ ( ၇ – ၁၀ ) ရက်ခြားတစ်ကြိမ်ဖျန်းပါ။
ဆေးဖျန်းပြီး ပြန်လည်ဝင်ရောက်နိုင်သော ကာ ( ၂၄ ) နာရီ
သီးနှံတစ်ရာသီ ဆေးဖျန်းနိုင်သည့် အကြိမ်ရေ ( ၂ – ၃ ) ကြိမ်
ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တယ်စဥ် ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မှီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍အဝတ်လဲပါ။
အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်း ဆေးဝင်လျှင် ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားအား ဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင်လူနားအား ဆရာဝန်ထံချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲ အော့အန်အောင်မလုပ်ရ။
တိကျသောဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်။
ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။
အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်း၊ ရေမြောင်းများအတွင်း စွန့်မပစ်ရ၊ မီးမရှို့ရ၊ ဖျက်ဆီး၍ မြေမြုပ်ပစ်ပါ။