Active Ingredient | Formulation | AI% |
---|---|---|
Metolachlor 72% | EC | 72% |
သီးနှံ | ပေါင်းပင်များ | ဆေးနှုန်းထား | |
စီစီ / ဧက | စီစီ / ရေ ( ၂၀ ) လီတာ | ||
ပြောင်း | တစ်နှစ်ခံမြက်နှင့် အချို့ရွက်ပြန့်ပေါင်းများ | ၇၀၀ – ၁၀၀၀ | ၁၄၀ – ၂၀၀ |
ပဲပုတ် | ၇၀၀ – ၁၀၀၀ | ၁၄၀ – ၂၀၀ | |
မြေပဲ | ၆၀၀ – ၉၀၀ | ၁၂၀ – ၁၈၀ | |
နှမ်း | ၅၀၀ – ၈၀၀ | ၁၀၀ – ၁၆၀ | |
ဖရဲ | ၆၀၀ – ၉၀၀ | ၁၂၀ – ၁၈၀ | |
ဆေးရွက်ကြီး | ၆၀၀ – ၉၀၀ | ၁၂၀ – ၁၈၀ |
မှတ်ချက် – တစ်ဧကလျှင် ရေ ( ၂၀ ) လီတာဝင် ဆေးဖျန်းပုံးအနည်းဆုံး ( ၅ – ၈ ) ပုံးသုံးပါ။
ပေါင်းမျိုးစေ့များအပင်မပေါက်မီ အမ် – ကာဗျာ (၇၂) အီးစီကို ကြိုတင်ပက်ဖျန်းမှသာ ထိရောက်ပါမည်။
အမ်-ကာဗာ (၇၂)အီးစီ ပေါင်းသတ်ဆေးကို ကြက်သွန်သီးနှံတွင်အသုံးမပြုရပါ။
ကလေးငယ်များ လက်လှမ်းမှီသော နေရာတွင့် သော့ခတ်သိမ်းဆည်းပါ။
ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တယ်စဥ် ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မှီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍အဝတ်လဲပါ။
အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်း ဆေးဝင်လျှင် ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားအား ဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင်လူနားအား ဆရာဝန်ထံချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲ အော့အန်အောင်မလုပ်ရ။
တိကျသောဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်။
ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။
အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်း၊ ရေမြောင်းများအတွင်း စွန့်မပစ်ရ၊ မီးမရှို့ရ၊ ဖျက်ဆီး၍ မြေမြုပ်ပစ်ပါ။