သီးနှံအမည် | ဆေးပတ်ဖျန်းသုံးစွဲနည်း |
ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ ပဲစဥ်းငုံ၊ ကုလားပဲ၊ စကားတော်ပဲ နှင့် ပဲမျိုးစုံ | အပင် (၁၅)ရက်သားမှ စတင်၍ ရိတ်သိမ်းခါနီးအထိ (၁၀)ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။ |
စပါး | ပင်ပွားထွက်ချိန်မှ စတင်၍ ရင်မှည့်ချိန်အထိ (၁၅) ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။ စကားမှို့ကပ်ချိန် အမိအရ ပတ်ဖျန်းပေးပါ။ |
ဂျုံ၊ ပြောင်း၊ ကြံ | အပင်(၁၅) ရက်သားမှ စတင်၍ ရိတ်သိမ်းခါနီးအထိ (၁၀) ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။ |
ဂေါ်ဘီ၊ ပန်းမုံလာ၊ နံနံပင်နှင့် ဟင်းသီးဟင်းရွက်များ | အပင် (၂၀)ရက်သားမှစတင်၍ ခူးဆွတ်ခါနီးအထိ (၇) ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။ |
ခရမ်း၊ ခရမ်းချဉ် | ပြောင်းရွှေ့မစိုက်မီ (၃)ရက်အလိုတွင် (၁)ကြိမ်၊ စိုက်ပြီးချိန်မှ စ၍ အပင်သက်တမ်းတစ်လျောက် (၇)ရက်ခြားတစ်ကြိမ် ပတ်ဖျန်းပါ။ |
ကြက်သွန်နီ/ဖြူ အာလူး | အပင်သက်(၁၅-၂၀)မှ စ၍ မတူးဖော်မီ (၅)ရက်အလိုထိ (၁၀)ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။ |
သံပုရာ၊ ရှောက်၊ လိမ္မော် | အပင်ငယ်စဥ်မှစ၍ (၁၅)ရက်တစ်ကြိမ်ပတ်ဖျန်းပါ။ |
ဂန္ဓမာ၊ နှင်းဆီနှင့် ပန်းမာလ်များ | အပင်ငယ်(၂၀)ရက်သားမှစ၍ (၁၀)ရက်ခြားတစ်ကြိမ်ပတ်ဖျန်းပါ။ ပန်းစပွင့်ချိန်တွင် အမိအရ ထပ်မံပတ်ဖျန်းပါ။ |
ရေ (၄)ဂါလံတွင် ရောစပ်ရမည့်နှုန်းထား = (၁၅စီစီ-၂၅စီစီ)