ဥစားသီးနှံအထူး Tuber Crops Specialရွက်ဖျန်းမြေသြဇာအရည်

သုံးစွဲခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ

ဥစားသီးနှံများအတွက် လိုအပ်သော အာဟာရဓာတ်များပြည်စုံစွာပါရှိပြီး အဆင့်မြင့် ခေတ်မှီနည်းပညာဖြင့် စနစ်တကျဖော်စပ်ထုတ်လုပ်ထားပါသည်။ ဥဆင်းအားကောင်းခြင်း၊ အမြစ်ထွက်အားကောင်းခြင်း၊ သီးနှံပင် အစိတ်အပိုင်းများ၏ ဆဲလ်နံရံများ ခိုင်မာတောင့်တင်းစေပြီး ပိုးမွှား/ရောဂါကျရောက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေပါသည်။ ဥမြစ်စားသီးနှံများ (Root & Tuber Crops) တွင် အသုံးပြုခြင်းဖြင့် အသားကျစ်လျစ်ခြင်း၊ အလေးချိန်စီးခြင်းနှင့် တာရှည်အထားခံခြင်းတို့ကြောင့် ရေရှည်သိုလှောင်ထားနိုင်ပြီး ကြိုက်စျေးရမှ ထုတ်ရောင်းနိုင်သဖြင့်  စီးပွားရေး အရ တွက်ခြေကိုက်စေပါသည်။

အသုံးပြုနိုင်သောသီးနှံများ

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ မြေပဲ၊ မုန်လာဥဖြူ၊ မုန်လာဥနီနှင့် အခြားဥစားသီးနှံများ။

သုံးစွဲနည်း

ဥစားသီးနှံစိုက်ခင်းများ – စတင်ဥဆင်းချိန် (ဥပမာ – အာလူး၊ ကြက်သွန်နီ)၊ မြေပဲခင်းများစွယ်ချချိန်တွင် ရွှေမင်္ဂလာဥစားသီးနှံအထူးစတင်ပတ်ဖျန်းပါ။

ရေ(၄)ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည် (၃၀-၄၀) စီစီနှုန်း ထည့်ပြီး သီးနှံပေါ်မူတည်၍ တစ်ဧကလျှင် (၅-၆)ပုံးဝင်အောင် ဖျန်းပေးပါ။

ကလေးငယ်များ လက်လှမ်းမမှီသော နေရာတွင် သော့ခတ်သိမ်းဆည်းပါ။

ပါဝင်ပစ္စည်းများ
P2O4415 g/L
K2O445 g/L
Mg10 g/L
S16 g/L
 Zn5 g/L
Cu0.64 g/L
B10 g/L